သင်သေသွားသော်

September 07, 2008

သြော်… လူ့ပြည်လောက၊ လူ့ဘဝကား

အိုရ နာရ၊ သေရဦးမည်

မှန်ပေသည်တည့်။

သို့တပြီးကား၊ သင် သေသွားသော်

သင်ဖွားသောမြေ၊ သင်တို့မြေသည်

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း

ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်၊ သစ္စာအရောင်

ဉာဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

(ဇော်ဂျီ)

အိုးဝေမဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၊ ဒီဇင်ဘာ ၁၉၃၅။

Profile picture
Written/Curated by Max Koni
← Back to Blog